20120113

PPTV is on App Store now!!


PPTV က ပြီးခဲ့တဲ့ 11နေ့ကဘဲ Mac App Store က released လုပ်လိုက်တာပါ..free App ပါဘဲ..
online မှာ free movie တွေ OSX မှာလည်း  ကြည့်လို့ရပြီ
Win run ဖို့ virtual machine သုံးရတာ စိတ်ညစ်နေတဲ့သူတွေအတွက် ကောင်းပါတယ်..
online movie ကြည့်ဖို့ သက်သက်နဲ့ ms window ဖွင့်စရာမလိုတော့ပါ..
အောက်မှာ link ထည့်ပေးထားတယ်..လိုချင်ရင်တော့ ဆွဲလိုက်တော့.. :D

20111113

ပေါ်ပင်ဖြစ်နေတဲ့ သီချင်းတချို့ (nov)




1.move like jagger
2.mr.know it all
3.sexy and i know it
4.stereo hearts
5.we found love
6.without you



i'm lazy to upload each file.so,zipped it all and attached.
hopefully u guys like it.
download music fld here


20111005

Apple iPhone 4S ရဲ့  ထူးခြားချက်များ


iPhone 4 ရဲ့  ထူးခြားတာတွေက...


Siri  (I am a humble personal assistant)
Personal assistant PA (သို့မဟုတ်) ဖုန်းထဲက လူဘဲဆိုကြပါစို့ဗျာ..
home button ကိုဖိထားပြီး ခေါ်လို့ရတဲ့ iPhone 3Gs / 4 မှာ ရှိပြီးသားဖြစ်တဲ့ voice Over နဲ့ ဆင်တူပါတယ်..
ဒါပေမယ့် သူ့မှာ အားသားချက်တွေက အများကြီးရှိတယ်.သူ့မှာ လုပ်ဆောင်နိုင်ချက်တချို့တွေကတော့ 
-sms လာရင် Siri ကို ဖတ်ခိုင်းလို့ ရတယ်..reply လုပ်ခိုင်းလို့ရတယ်..ဘာကီးဘုတ်မှ နှိပ်စရာမလိုပါဘူး
-ရာသီဥတုအခြေအနေ
-alarm
-appointment
-notification
စသဖြင့် တော်တော်များများကို ခိုင်းစေလို့ရတယ်..
ပြောရမယ်ဆိုရင် PA တစ်ယောက်ပေါ့ဗျာ..PA ခန့်မယ်လို့ စဉ်းစားထားရင် မခန့်ပါနဲ့တော့ iPhone 4S သာ ဝယ်လိုက်တော့ဗျာ..။ :D
PA ကတော့ မေ့ချင် မေ့နေဦးမှာ..သူက ပိုတိကျတာရယ်  လုံးဝလည်း မမေ့ဘူး.။ (Siri က iOS 5 မှာ မပါပါ)





A5
 A5 ကတော့ အထူးပြောစရာမလိုပါဘူး..
Dual core processor တခုပါဘဲ..iPhone 4 ရဲ့  လုပ်ဆောင်ချက်ထက် 2 ဆ ပိုမြန်လာပြီပေါ့..
graphic နဲ့လည်း Share လုပ်ထားပါသေးတယ်..အဲဒီတော့ graphic ရဲ့  စွမ်းဆောင်မှု့က iPhone 4 ထက် 7 ဆလောက် ပိုမြန်သွားတယ်..။







Camera

8mega pixels ရှိပါတယ်.. face detection ပါတယ်
video recording မှာ HD resolution 1080p ထိ စွမ်းဆောင်နိုင်တယ်..camera စွမ်းဆောင်ရည် ကောင်းလွန်းပါတယ်..resolution ကောင်းအောင် lens 5 ခုသုံးထားတာပါ..။



Antennas
"Our engineering system has worked really hard at advancing the state of the art... it can now intelligently switch between the two antennas -- between transmit and receive."လို့ပြောတာဘဲ..


ဒီတော့ safari web browsing တော်တော်မြန်သွားမှာပါ..။bluetooth လည်း 4.0 wireless technology အထိ ဖြစ်သွားပြီ..။





ဒါအကုန်ပါဘဲ..ကျန်တာတွေက iOS 5 မှာ ပါတာတွေပါ..iOS 5 ကို October 12 နေ့မှာ  iPhone 3GS နဲ့ iPhone 4 မှာ သုံးလို့ရပါပြီ...။

October 28 မှာ singapore ကိုရောက်ပါလိမ့်မယ်..preorder တော့ m1, starhud, singtel တို့က ဘယ်တော့ရမလဲ မသိသေးပါဘူး..။







PS : Photo တွေကို Engadget က ရယူထားတာပါ..။
Apple က keynote ကိုလည်း ဒီနေရာမှာ သွားကြည့်လို့ရပါတယ်...။

ပြီးပါပြီ

20111003

စိတ်ဆိုးဆိုးနဲ့ ငှက်လေးတွေ

Angry Birds

ဆော့ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းဗျာ..
download AB for mac OSX
ဒီနေရာမှာ  Reviews တွေ ကြည့်လို့ရပါတယ်..

20110915

Myanmar Dictionary Ads for OSX


Mac OSX မှာပါတဲ့ Dictionary မှာ မြန်မာ အဘိဓာန်ထည့်သွင်းလို့ရပါတယ်..Offline Dictionary ပါဘဲ..
ရောက်တဲ့ နေရာမှာ မသိတဲ့ စကားလုံးရှိရင်လည်း select ပေးပြီး command+control+d ကိုနှိပ်ပြီး Dictionary ကို ခေါ်လို့ရတယ်..ကိုစေတန်ရဲ့  Ornagai Source  ပါ..ကျနော် Xcode ပြင်ပြီး ထည့်ရလွယ်အောင် dmg file လုပ်လိုက်တာပါ..



Dictionary app

Safari

20110914

Zawgyi font for Lion osX

Zawgyi ကို Lion osX မှာ install လုပ်တာ ပြဿနာတက်နေကြသူတွေက blog တွေ forms တွေမှာ မေးထားတာတွေ တွေ့တွေ့နေရလို့ ဒီ dmg file ကို ရေးပြီး တင်လိုက်တာပါ..။ ဘယ်လို install လုပ်ရမယ်ဆိုတာ ကျနော် PDF ဖိုင်နဲ့ ရှင်းပြထားပေးပါတယ်..။


click to download zawgyi font for Lion

20110913

mouse highlights on Mac


>Applications > Utilities > Terminal > (type what i'm highlight wif color)
defaults write com.apple.dock mouse-over-hilite-stack -boolean yes
> enter
restart your mac.and then u might see mouse highlights as above the pic. =)

Disable lip sleep

ကျနော်တို့ Mac user တွေ LCD Lip ပိတ်ထားပြီးလည်း system ကို run လို့ရပါပြီ။သီချင်းနားထောင်တာဘဲ ဖြစ်ဖြစ် download လုပ်နေတာဘဲဖြစ်ဖြစ် LCD lip ကို ပိတ်ထားလို့ရပြီ။
insomniaX ver.2.0 က Lion osX ကို support လုပ်ထားပါတယ်။
note:heat တက်နိုင်ပါတယ်..

InsomniaX 2.0 Download

20110817

ဒီလို ဟောပြောခဲ့တဲ့ ဦးဘုန်း ( ဓါတု )

ဦးဘုန်း ( ဓါတု) ရဲ့ အိမ် by ဗမာ့သွေး
ဆရာဘုန်း(ဓာတု)ဟောပြောထားတာလေးပါ
နားထောင်နိုင်ဖို့ မျှဝေထားလိုက်တာပါ..

ဂျုးရေးခဲ့တဲ့ မြရဲ့ လ

မြရဲ့ ည by ကိုမျိုးဆိုတဲ့ အကိုတစ်ယောက်တင်ထားတာပါ..။
စာရေးဆရာမ ဂျူး ရေးထားတဲ့ မြရဲ့ လ ကို အဆိုတော် ကိုငှက်ကြီး (ထူးအိမ်သင်း) ရွက်ဆိုထားတာပါ..
အရမ်းနားထောင်လို့ ကောင်းလွန်းပါတယ်ဗျာ..ဝတ္ထုတိုလေးပါဘဲ...။ ။

20110804

OneRepublic - Good Life



oh, this has gotta be e gd life
this has gotta be e gd life
this could really be a gd life gd life~

20110803

iMovies on Lion os X

Rio ကကြည့်ပြီးတာတော့ ကြာပါပြီ..အရမ်းကောင်းတယ် ကာတွန်းကားပါ
အရမ်းလည်း ရယ်ရတယ်လေ...
ညနေကမှ စိတ်ကူးပေါက်လို့
အရယ်ရဆုံးအပိုင်းလေးတွေ ဖြတ်ပြီး iMovies နဲ့ လုပ်ဦးမှလို့ စိတ်ကူးလိုက်မိတယ်.
အဲဒါနဲ့ဘဲ iMovies ရယ် ထပ်ဖြည့်ထားမှု့တွေ သိရတယ်ဗျာ..သူက vimeo, youtube နဲ့ facebook တွေကိုပါ တခါတည်း upload လုပ်လို့ရသွားခဲ့ပြီ..
iMovies software က အခုအသစ်ထွက်တဲ့ Lion မှာ ပိုပြီးပေါ့သွားတယ်..Lion က firefox တို့ adium တို့ ကွိုင်တက်တယ်..flow နဲ့ တခြားဟာတွေလည်း support မလုပ်တော့ဘူး
Lion နဲ့ ပတ်သက်ပြီးတော့ အများကြီးမျှော်လင့်ပါသေးတယ်

20110802

အရှုပ်တွေနဲ့ ကျနော်..

blog ဘက်ကို မလှည့်နိုင်ခဲ့တာ အတော်ကြာသွားခဲ့ပြီပေါ့.
ကျနော့်မှာ အရှုပ်တွေလုပ်ရင်း တစ်ယောက်တည်းကို ပတ်ချာလည်နေခဲ့တာ ဘာပို့စ်မှာတောင် မတင်နိုင်ခဲ့ဘူးလေ
တခါ တခါ ရေးဖြစ်ခဲ့တဲ့ ကဗျာတွေတော့ ပြန်တင်ဖြစ်ခဲ့တယ်..
အခုမှ ကျနော့် blog ကို ပြန်လည်ပြင်ဆင်ဖြစ်တော့တယ်.. xml ပြောင်းလိုက်တာ
လိုတာထက် ပိုတာတွေဖြုတ်ရင် နောက်များတော့ မကြာမကြာရေးဖြစ်တော့မယ်ထင်ပါတယ်ဗျာ

ဒီနွေ ဒီကဗျာမှာ ရွက်ကျလွင့်ခဲ့ရတဲ့ လမင်း

မလွမ်းတော့ဘူးဆိုကာမှ
နင့်အကြောင်းကို တွေးမိနေတုန်းဘဲ
ဒီနွေ ဒီမုတ်သုန်နဲ့ ဥသြငှက်ရဲ့
လွမ်းချင်းသံက ငါ့အတွက် မသာယာတော့ဘူး..
ရှိတာတွေ အားလုံး နင်ယူသွားခဲ့ပြီးပါပြီ..
ငါ့နှလုံးသားလည်း ဆေးကြောခဲ့ပြီးပါပြီ..
ဒါပေမယ့်..မှင်ရည်စုတ်ထိုးချက်တွေနဲ့ နင့်နာမည်
အခုထိ အမည်းစက်လို ရှိနေတုန်းဘဲလေ.။
မကြင်နာလို့ ထားခဲ့ပေမယ့်
ငါ..ဒီဘုံဆိုင်က အထွက် ထင်းရှုးပင်ကြီးအောက်မှာ
နင်များ ပြန်လာမလားလို့ စောင့်မျှော်နေမိတုန်းပါဘဲ..
ဒီနွေ ဒီကဗျာနဲ့…
နင့်အကြောင်း စုံစမ်းရတာ အသဲနာတယ်..
ဝေးရာထွက်ပြေးတဲ့ နင်…
ကျန်ရစ်ခဲ့တဲ့ ငါ…
လိုက်လေ ဝေးလေနဲ့ ဒီနွေတစ်ရက်
မိုးအကူးမှာ နေဝင်သွားခဲ့ပြီ…။ ။

20110623

ပေါ်ပြူလာဖြစ်နေတဲ့ သီချင်းအသစ်တွေပါ။

ET
Give Me Everything
Just Cant Get Enough
On The Floor
Party Rock
Rolling In The Deep
Super Bass
The Edge Of The Glory
The Lazy Song

20110502

about

i feel very lucky to have friends in my life who always help me through difficult times! thanks to all

တစ်ခွန်းစကား

ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။

တာရာမင်းဝေ

20110318

ဝေဒနာလူ...

20110224

တောက်..

ဘယ်ကနေ ဘယ်လို စပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။
ကျနော်လဲ နိုင်ငံခြားကို ရောက်ပြီးတဲ့နောက်ပိုင်း အမျိုးကို တော်တော်ချစ်တယ်လာတယ်။
နိုင်ငံရေးတွေ ဘာတွေလဲ စိတ်ဝင်စားခဲ့တယ်ဗျာ။
ဒီမှာကတော့ အဲဒီကိစ္စတွေက ထွေထွေထူးထူး ပြောစရာတော့ မလိုပါဘူးလေ.
လူတိုင်းနီးပါးလောက်က အခုလိုဘဲ ဖြစ်လာကြတာကို။
ကျနော်တို့ ရုံးမှာ ကျနော် အပါအဝင် မြန်မာ ၃ ယောက်ရှိပါတယ်။
တနေ့က (အင်္ဂါနေ့) ကျနော်ထဲက တစ်ယောက်ပေါ့ အလုပ်တစ်ခုကို တလွဲလုပ်လိုက်မိတယ်။
မန်နေဂျာက သူ့အခန်းကို ခေါ်ပြီးဆူတာပေါ့ဗျာ။ ဘာမှ မဆိုင်တဲ့ ကျနော်တို့လည်း ရောပြီးဆူတယ်။
ထုံးစံအတိုင်း ပွားခံရတာပေါ့။

ကျနော် မန်နေဂျာပြောပြရဦးမယ်..။
သူက sale/marketin' အပိုင်းက။ စကားကို ပါးစပ်က အမြုပ်ထွက်အောင်ကို ပြောတာ။
အဘိုးတွေ အဘွားတွေ ဆူသလိုဘဲ ဓါတ်ပြားဟောင်းကို ခဏ ခဏ ပြန်ဖွင့်တယ်လေ။
တနေ့ တနေ့ meetin'ဆိုရင် ဖင်ပူအောင် ထိုင်ရတယ်.။အဲဒီလို လူပါဘဲ။

၃ ယောက်ရှိတဲ့ထဲက တစ်ယောက်ယောက် အမှားလုပ်ရင် "see your country man did bullshit job,stupid right" လို့ပြောတတ်တယ်။
အဲဒါနဲ့ ပတ်သက်ပြီး ကျနော်နဲ့ ခဏခဏ စကားများတယ်ဗျာ။ country man ဆိုတဲ့ စကားကို မသုံးနဲ့ ငါမကြိုက်ဖူးလို့ပြောထားပြီသား။
အရင်တခါကလည်း အဲဒီကိစ္စနဲ့ပဲ MD နဲ့တွေ့ရပြီးပြီ။မန်နေဂျာကို ဆဲလို့ ၊ စည်းကမ်း မလိုက်နာလို့ ၊ မြန်မာအစိုးရလို ပုဒ်မတွေ အများကြီးတပ်ပြီး first warning letter ပေးတယ်။ပြီးတော့ လစာမတိုးဘူး။ စဉ်းစားကြည့်လဲ ဟုတ်ပါတယ်။ ကိုယ်က အောက်ကလူလေ..။ဘယ်လောက်ပြောပြော ဘယ်လောက်မှန်မှန် ခံရတာချည်းပဲ။ ကျနော်ဆိုတဲ့ကောင်ကလဲ သောက်ဂရုကို မစိုက်တာ မကျေနပ် ထွက်မယ်ဆိုတာမျိုး။

အခုတခါလည်း အဲဒီလို ပြောပါလေရော။ ကျနော်က ပြန်ပက်တာပေါ့။နောက်ဆုံးတော့ ကျနော်ဆီ အကုန်လုံးစုလာတာပေါ့ဗျာ။တကယ်ကတော့ ကျနော်နဲ့ အဝေးကြီး အမှားလုပ်တာက တစ်ယောက်ပါ။သူ့က ကျနော့်ကို အမုန်းဖဲ့တာ။အစကတည်းက ကိုယ်က အောက်ကလူလေ။ ရှုံးမှာတော့ သိပြီးသားပါ။
ဒါပေမယ့် ကျနော် ပြန်ဖဲ့တာပဲ။တိုင်းကျောကလဲ ထူသလားမမေးနဲ့ဗျာ။ MD ကို သွားတိုင်တယ်။ ခက်တာက ကျနော်ပြောပြတာတွေ လက်မခံဘူးဗျ။
ကျနော်လည်း ပြောလိုက်တယ်။မကျေနပ်ရင် အလုပ်ထုတ်လို့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ တရုံးလုံးသိတယ်လို့ ပြောလိုက်တာပေါ့။
အလုပ်တော့ အထုတ်ခံမထိပါဘူး..warning letter ထပ်ရတယ်။ပြီးတော့ Dept ပြောင်းရတယ်။
ဘာဘဲဖြစ်ဖြစ် ဝမ်းသာပါတယ်ဗျာ...။ ။ =) =)

20101114

ရစ်သမ်တစ်ခု

အခန်းထဲမှာ ဗီရိုကြီးက ငေးလို့
မှင်မရှိတဲ့ ဘောပင်တစ်ချောင်းကို
ကောင်လေးတစ်ယောက် သိမ်းဆည်းထားမိလေရဲ့ 
ပျော်ရွှင်ခြင်းတွေက ခပ်ဝါးဝါးနဲ့ပေါ့….။ ။
နင်သာ အလင်းရောင်ဖြစ်ခဲ့မယ်ဆိုရင်…
နေကြာပန်းလို နင်ရှိရာ အရပ်ကို မျက်နှာမူရင်း
ပူပြင်းတဲ့ အလင်းရောင်ကို တပ်မက်စွာနဲ့
ငါ့မျက်နှာကို ဝင့်ကြွားလို့ ခေါင်းမော့ထားပေးပါ့မယ်…။ ။
အခန်းကျဉ်းထဲက ပန်းချီကားမှာ
မြွေတစ်ကောင်နဲ့
ပန်းသီးတစ်လုံးဘဲပါ၏။
နံရိုးတစ်ချောင်းကတော့ မျက်ခုံးတလှုပ်လှုပ်နဲ့ပေါ့…။ ။
 
Back to Top